မြန်မာ့ယွန်းထည်အတတ်ပညာများ ရှာဖွေဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရန်၊ မြန်မာ့ရိုးရာ ယွန်းထည်နည်းစနစ်များ မပျက်ယွင်းစေဘဲ ခေတ်မီနည်းစနစ်များဖြင့် တိုးတက်တီထွင်ပြီး ရရှိသည့် နည်းပညာများကို ဖြန့်ဖြူးပေးရန်၊ ယွန်းအတတ်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပျိုးထောင်ပေး ရန်၊ ယွန်းထည်လုပ်ငန်း အတတ်ပညာသင်ကြားရေးကို ပညာသင်ကြားမှုနည်းလမ်းများနှင့်အညီ တိုးတက် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် စီးပွားရေးပညာတတ်ကျွမ်းနားလည်သော ယွန်းအတတ်ပညာရှင် များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ယွန်းပညာကောလိပ် (ပုဂံ)ကိုဖွင့်လှစ်ပြီး ယွန်းအတတ်ပညာ ဒီပလိုမာ (၂)နှစ်သင်တန်းနှင့် ယွန်းအတတ်ပညာဒီပလိုမာ(၁)နှစ် သင်တန်းတို့ကို သင်ကြားလျက်ရှိရာ အစီရင်ခံသည့်ကာလတွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅၆)ဦး တက်ရောက်သင်ကြားလျက် ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။