Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဓ ) သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ မန္တလေး) ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်၊ သင်တန်းသားများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမ ကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူ နိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)များကို ၂၀၂၂-၂၀၂၃ ပညာသင် နှစ်မှစ၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ထိ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၅၂)ဦး တက်ရောက်သင်ကြားနိုင်ခဲ့ပြီး သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသဖြင့် သမဝါယမ ကောလိပ်များသို့ ပေါင်းကူး တက်ရောက်၍ ပညာဆက်လက်သင်ယူခွင့်ရရှိသည့်ကျောင်းသား/ ကျောင်းသူ (၃၀) ဦးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ ဌာနဆိုင်ရာများ၊ သမဝါယမအသင်းစုချုပ်များ၊ သမဝါယမအသင်းစုများ၊ သမဝါယမအသင်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများတွင် အလုပ်အကိုင်ရရှိသူ (၂၁၂)ဦးရှိပါသည်။

              ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်တန်းနှစ်အသီးသီး၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၉၄)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm