Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဒ ) သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)များ ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် (၂)နှစ် ဒီပလိုမာသင်တန်းများ ဖွင့်လှစ် ပေးလျက်ရှိပြီး ဒီပလိုမာပြီးမြောက်အောင်မြင်ပါက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးဆက်လက်တက်ရောက်စေကာ စီးပွားရေးဘွဲ့ရပညာရှင်များ မွေးထုတ်ပေးလျက်ရှိပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းနှင့် ဒုတိယနှစ်သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်း များအား ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သမဝါယမကောလိပ် (မန္တလေး) တွင် ကျောင်းသား/ ကျောင်းသူ (၂၂၇) ဦးနှင့် သမဝါယမကောလိပ် (ဖောင်ကြီး) တွင် ကျောင်းသား/ ကျောင်းသူ (၂၁၉) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄၄၆) ဦး တက်ရောက်သင်ကြားလျက်ရှိ ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm