ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(လွိုင်ကော်)
နောက်ခံသမိုင်းအကျဉ်းချုပ်
၁၉၅၁ ခုနှစ်တွင် “အစိုးရရက်ကန်းကျောင်း” အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၆၈ ခုနှစ်တွင် “အခြေခံရက်ကန်းကျောင်း” အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် “ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း” အဖြစ်လည်းကောင်း အဆင့်တိုးမြှင့် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(လွိုင်ကော်)
ရည်ရွယ်ချက်
စာရင်းကိုင်သင်တန်း၏ရည်ရွယ်ချက် |
(က) |
ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကောမပပျောက်အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရန်၊ |
(ခ ) |
ရက်ကန်းလုပ်ငန်းဆိုင်ရာနည်းပညာ၊ အတတ်ပညာများ ဖြန့်ဖြူးပေးရန်၊ |
(ဂ ) |
အတတ်ပညာများကို တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်၊ |
(ဃ) |
နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ချည်မျှင်နှင့်အထည်စက်ရုံများအတွက် ရက်ကန်းပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်၊ |
(င ) |
ကုန်ထုတ်လုပ်ငန်း ကျွမ်းကျင်သူများအဖြစ် လေ့ကျင့်သင်ကြားပေးရန်၊ |
(စ) |
ခေတ်စနစ်နှင့် အညီဖွံ့ဖြိုးတိုးတက်လာသော အထည်ထုတ်လုပ်ငန်း များကို တီထွင်နိုင်သည့် အတတ် ပညာများ လေ့ကျင့်သင်ကြားပေးရန်၊ |
|
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(လွိုင်ကော်)
သင်ကြားသည့်ဘာသာရပ်များ
စဉ် |
သင်တန်းအမည် |
သင်တန်း ကာလ |
ပညာအရည်အချင်း |
လျာထား သင်တန်းသား ဦးရေ |
(၁) |
ချည်မျှင်နှင့်အထည်အလိပ် ကျွမ်း ကျင်သူ သင်တန်း |
၁ နှစ် |
အခြေခံပညာ အလယ်တန်း အောင် |
၂၀ ဦး |
(၂) |
လက်ရက်ကန်း(၆)လသင်တန်း
(၁)နှစ် (၂)ကြိမ် |
၆ လ |
အခြေခံပညာ အလယ်တန်း အောင် |
၂၀ ဦး |
ရက်ကန်းပုံမှန်သင်တန်းများအတွက် ထောက်ပံ့ပေးအပ်မှုအခြေအနေ
(၁) အဆောင်အခမဲ့နေထိုင်ခွင့်ရရှိခြင်း
(၂) ပညာသင်ထောက်ပံ့ကြေး (၁)လလျှင် ကျပ် (၃၀၀၀၀) ပေးအပ်ခြင်း
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(လွိုင်ကော်)
သင်ကြားပေးသည့် ဘာသာရပ်များ
၁။ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ(၁)နှစ်သင်တန်း
- အဖြူချွတ်ဆေးဆိုးဘာသာ
- စက်ရက်ကန်းနည်းပညာဘာသာ
- ချည်မျှင်နှင့်ထုတ်လုပ်မှုနည်းပညာဘာသာ
- အထည်ခွဲစိတ်လေ့လာခြင်းဘာသာ
- အထည်အလိပ်လုပ်ငန်းသုံးအမျှင်များဘာသာ
- အထည်ဒီဇိုင်းဘာသာ
- လက်ရက်ကန်းနှင့်လက်ချည်မျှင်ဆွဲဘာသာ
- တိုင်းရင်းသားရိုးရာဂျပ်ခုတ်နှင့် စာစည်းကြိုးသာဘာ
- အခြေခံစက်ချုပ်ဘာသာ
၂။ လက်ရက်ကန်း(၆)လသင်တန်း
- အဖြူချွတ်ဆေးဆိုးဘာသာ
- လက်ရက်ကန်းနည်းပညာဘာသာ
- အထည်ခွဲစိတ်လေ့လာခြင်းဘာသာ
- အထည်ဒီဇိုင်းဘာသာ
- လက်ချည်မျှင်ဆွဲနှင့် ဂျပ်ခုတ်ဘာသာ
- အခြေခံစက်ချုပ်ဘာသာ
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(လွိုင်ကော်)
ပေးအပ်သော အောင်လက်မှတ်
သင်တန်းတက်ရောက်၍ စာမေးပွဲဖြေဆိုအောင်မြင်ပါက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ်ရေးထိုး ထားသည့် အသိအမှတ်ပြု အောင်လက်မှတ်ကတ်များကို ပေးအပ်ချီးမြှင့်ပါသည်။
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(လွိုင်ကော်)
သင်ကြားပေးသည့် အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများ
၁။ စက်ရက်ကန်းစက်မောင်း၊စက်ပြင်သင်တန်း
၂။ တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်း
၃။ လက်ရက်ကန်းဖဲနှပ်ကောက်သင်တန်း
၄။ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း
၅။ သဘာဝဆိုးဆေးသင်တန်း
၆။ စာစည်းကြိုးရက်လုပ်နည်းသင်တန်း
၇။ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း
၈။ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း
၉။ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း
၁၀။ အခြေခံ/အဆင့်မြင့်စက်ချုပ်နည်းပညာသင်တန်း
၁၁။ ဝါးအခြေခံလက်မှုထည်သင်တန်း