Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေတာရှည်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်


22 Aug,2022

တောင်ငူ၊ ဩဂုတ် ၂၂

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်လေးများထူထောင်၍ မိသားစုဝင်ငွေများတိုးပွားလာစေရန်ရည်ရွယ်၍  လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရေတာရှည်မြို့နယ်၊ ကြို့ပင်သာကျေးရွာရှိ ဘုရားကြီးကျောင်းတိုက်၌ ဖွင့်လှစ်သည်။

          အခမ်းအနားသို့ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကွင်းကြီးကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကြို့ပင်သာကျေးရွာတာဝန်ခံ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

          ယခုဖွင့်လှစ်သော သင်တန်းကို ဩဂုတ်လ ၂၂ ရက် နေ့မှ ၂၆ ရက်နေ့အထိ (၅) ရက်ကြာ သင်တန်းသား/သူ (၁၀)ဦးတို့အား ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ ခေါင်းလျှော်ရည်နှင့် လက်သန့်ဆေးရည်ပြုလုပ်နည်းများကို စာတွေ့ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm