Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ ရေရှားပါးမှုမဖြစ်ပေါ်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ၉၀ ရာခိုင်နှုန်းထိ ဆောင်ရွက်ပေးနိုင်


18 Aug,2022

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ ရေရှား ပါးမှုမဖြစ်ပေါ်စေရေး ဆောင်ရွက်ပေးလျက် ရှိရာ ၉၀ ရာခိုင်နှုန်းထိ လွှမ်းခြုံနိုင် မန္တလေး သြဂုတ် ၁၆ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးလက်နေ ပြည်သူများ နွေရာ သီကာလတွင် ရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရေရရှိမှုမှာ ၉၀ ရာခိုင်နှုန်းထိ ရေလွှမ်းခြုံနိုင်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများကို ရေရှားပါးမှုမဖြစ်ပေါ်စေ ရန် ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသ ကြီးခွင့်ပြုရန်ပုံငွေများဖြင့် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေး ခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ကျေးရွာအုပ်စုပေါင်း ၁၅၄၄ အုပ်စု၊ ကျေးရွာပေါင်း ၄၉၅၉ ရွာ၊ အိမ်ခြေ ၈၀၄၀၀၀ ကျော်၊ လူဦးရေ ပေါင်း ၃၉ သိန်းကျော်ရှိသည့်အနက်မှ ကျေးရွာများရေရရှိရေးလုပ် ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကျေးရွာပေါင်း ၂၇၈၅ ရွာ၊ အိမ် ခြေ ၅၂၃၄၀၀ အိမ်၊ လူဦးရေပေါင်း ၂၅ သိန်းကျော် ဆောင်ရွက်ပေး နိုင်ခဲ့ပြီး၊ ရေလွှမ်းခြုံမှုရာခိုင်နှုန်းမှာ ၉၀ ရာခိုင်နှုန်းထိရှိနေပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်စောက ပြောသည်။ " တိုင်းဒေသကြီးအတွင်းမှာ ဦးစီးဌာနစဖွဲ့စည်းတဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ကနေ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေနဲ့ လူဦး ရေ ၂၅ သိန်းကျော်အတွက် ရေရရှိရေးလုပ်ငန်းတွေကို ဆောင်ရွက် ပေးနိုင်ခဲ့တယ်။ ဆောင်ရွက်ပေးတဲ့အခါ တွင်းတိမ်၊ တွင်းနက်၊ လက် တူးတွင်း၊ မြေသားရေကန်၊ စိမ့်စမ်း၊ အခြားရေရရှိရေးလုပ်ငန်းပေါင်း ၂၈၀၀ ကျော်နဲ့ ဆောင်ရွက်ပေးခဲ့တယ်။ ကုန်ကျငွေက ပြည်ထောင် စုနဲ့တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ စုစုပေါင်း ၂၉၉၆၇ ဒသမ ၈၇၃ သန်းနဲ့ ရေရရှိရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ တိုင်းဒေသကြီးအတွင်း နှစ်စဉ်ကျေးရွာတွေမှာ ရေရရှိရေးလုပ်ငန်း တွေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အပူ ပိုင်းဇုန်ဖြစ်တာကြောင့် နွေရာသီရောက်ပြီဆိုရင် ရေထိပ်တွေလျော့ ကျတာ၊ မြေသားရေကန်တွေ ခမ်းခြောက်တာ၊ စိမ့်စမ်းတွေဆိုရင် ရေထွက်တွေနည်းသွားတာ နှစ်စဉ်ကြုံရပါတယ်။ နည်းပေါင်းစုံနဲ့ ရေ ရရှိရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးသော်လည်း နှစ်စဉ်မှာ ရေမလုံ လောက်တဲ့ ကျေးရွာတွေရှိခဲ့ပါတယ်။ ဒီဘဏ္ဍာနှစ်မှာလည်း ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားဖို့လည်း ရှိပါတယ်" ဟု ၄ကရှင်းပြသည်။ တိုင်းဒေသကြီးအတွင်း ရေရရှိရေးလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကမ္ဘာ့ဘဏ်ကထောက်ပံ့ သည့် လူထုဗဟိုပြုစီမံကိန်းဖြင့်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၆၃၇ ရွာတွင်ရေရရှိရေးလုပ်ငန်းပေါင်း ၃၇၃ ခုကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို ပြင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့်လည်း ၂၀၁၅-၂၀၁၆ ဘ ဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘဏ္ဍာရေးနှစ်အထိ ကျေး ရွာပေါင်း ၇၉ ရွာ၊ ရေရရှိရေးလုပ်ငန်းပေါင်း ၇၉ ခုကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုအတူ တိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ကျေးရွာပေါင်း ၂၁၅ ရွာ၊ ရေရရှိရေးလုပ်ငန်းပေါင်း ၃၂၂ ခုကို ပြည်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိ ရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm