Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမ်းဗြဲမြို့ ပညာရေးငွေစု/ငွေချေးသမဝါယမအသင်းလီမိတက်က စုဆောင်းငွေပေါ်အတိုးနှင့် ပညာရည်ချွန်ဆုများ ပေးအပ်


16 Aug,2022

ရမ်းဗြဲ ၊ ဩဂုတ်  ၁၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ပညာရေးငွေစု/ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လတာ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်း အဝေးကို မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့  မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ် သမဝါယမအသင်းစုမှ တာဝန်ရှိသူများ၊ အသင်းသား/သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဒေါ်ဝိုင်းစိန်က ဆောင်ရွက်ပြီး သဘာပတိနှင့် မြို့နယ်အဆင့်ဖွဲစည်းရေးကော်မတီဥက္ကဋ္ဌတို့က အမှာစကားပြောကြားခဲ့သည်။ အသင်း၏လုပ်ငန်း အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းအတွင်းရေးမှူး ဦးဝင်းဦးက ဖတ်ကြားရှင်းလင်းပြီး တက်ရောက်လာကြသည့် အသင်းသား/သူများ၏ ဆုံးဖြတ်ချက်ရယူကာ သဘာပတိမှ အတည်ပြု ခဲ့သည်။

ထို့နောက် အသင်းမှ အသင်းသား ၁၂၀၅ ဦးအား စုဆောင်းငွေပေါ်အတိုးငွေကျပ် ၄၄၄.၈၂ သိန်းကို ထုတ်ပေးခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် အသင်းသား/သူများ၏ သား/သမီးများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၂.၆ သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm