Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လက်မှုအနုပညာပစ္စည်းကဏ္ဍအတွက် Plan of Action ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ


15 Aug,2022

နေပြည်တော်၊ ဩဂုတ် ၁၅

မြန်မာ့ရိုးရာလက်မှုထည်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန်၊ ခေတ်မီနည်းစနစ်များအသုံးပြုပြီး အရည်အသွေးကောင်းမွန်သော လက်မှုထည်များတိုးတက်ထုတ်လုပ်နိုင်စေရန်နှင့်လက်မှုထည်ပစ္စည်းထုတ်ကုန်များကို နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းအားမြင့်မားလာစေရန်နှင့် ပို့ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အမျိုးသားပို့ကုန်မဟာဗျူဟာဦးစားပေးကဏ္ဍများမှ လက်မှုအနုပညာပစ္စည်းကဏ္ဍအတွက် Plan of Action ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လက်မှုအနုပညာပစ္စည်းကဏ္ဍအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက မြန်မာ့လက်မှုပစ္စည်းများကို ပြည်ပပို့ကုန်ပစ္စည်းတစ်ခုအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်ရေးဟာ ယခုလို အချိန်အခါမှာ ကျွန်တော်တို့ နိုင်ငံအတွက်များစွာ အရေးပါလျက်ရှိပါကြောင်း၊ မြန်မာတို့ရဲ့ ရိုးရာလက်မှုပစ္စည်းများဟာ လွန်ခဲ့သော နှစ်ပေါင်းရာကျော်ကတည်းက ပေါ်ထွန်းခဲ့ပြီး ယခုကာလမှာလည်း ခေတ်နဲ့အညီဆန်းသစ်လျက် ထွန်းကားဆဲဖြစ်ပါကြောင်း၊  မြန်မာ့လက်မှုပစ္စည်းများဟာ နိုင်ငံခြားသားခရီးသွားများကိုလည်း အထူးစွဲဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံခြားငွေရရှိရေးအတွက်လည်း အထောက်အပံ့ဖြစ်စေနိုင်သည့် အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာတွင် လက်မှုအနုပညာပစ္စည်းကဏ္ဍအား ထည့်သွင်းရေးဆွဲခြင်း ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲသည် အဆိုပါကဏ္ဍအတွက် Plan of Action ရေးဆွဲအတည်ပြုနိုင်ရန် ကျင်းပခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က လက်မှုအနုပညာပစ္စည်းကဏ္ဍအတွက် Plan of Action ရေးဆွဲ ထားမှုအခြေအနေများနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးက အမျိုးသား ပို့ကုန် မဟာဗျူဟာ ရေးဆွဲထားရှိမှုနှင့်စပ်လျဉ်း၍ Power Point များဖြင့် ဆွေးနွေးတင်ပြကြသည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက လက်မှုအနုပညာပစ္စည်းကဏ္ဍအတွက် Plan  of Action အား ရေးဆွဲအတည်ပြုနိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm