ဖျာပုံ၊ ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်သမဝါယမအသင်းစု၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်နှင့် (၁-၁၀-၂၀၂၁) မှ (၃၁-၃-၂၀၂၂) ဘဏ္ဍာနှစ်အထိ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာအဖွဲ့ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစုရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမ အသင်းစုမှ အမှုဆောင်အဖွဲ့နှင့်ဝန်ထမ်းများ၊ အသင်းဝင်အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားပထမပိုင်းတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမြင့်စိုးက အမှာစကားပြောကြားခဲ့ပြီး (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်နှင့် (၁-၁၀-၂၀၂၁) မှ (၃၁-၃-၂၀၂၂) ဘဏ္ဍာနှစ် အထိ ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ အသင်းသားစာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းပြီး တက်ရောက်လာကြသူများထံမှ အတည်ပြုချက်ရယူခဲ့သည်။
အခမ်းအနားဒုတိယပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်ထွန်းက ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အမှုဆောင်သစ်များကို ဆန္ဒမဲပေးရွေးချယ်ကာ တာဝန်ခွဲဝေပေးအပ်ပြီး အမှုဆောင်သစ်များက ကတိသစ္စာခံယူခဲ့ကြကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်