စဉ့်ကိုင် စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၌ စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပန်းလောင်မြစ်ရေ ဝင်ရောက်မှုတို့ကြောင့် လမ်းကြောင်းပြတ်တောက် ပျက်စီးသွားသည့်ကျေးလက်လမ်းများကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြန်လည်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စက်တင်ဘာ ၂၁ ရက်မှ စတင်၍ ရသာ- နန်းနီ-အုန်း လက်ကောက် ကျေးရွာချင်းဆက်လမ်းကို ဂျင်းမြေ ခင်းခြင်း၊အုန်းလက်ကောက်ကျေးရွာချင်းဆက်လမ်းတွင် ပျက်စီးခဲ့ သောလမ်းပိုင်းနေရာများကို စက်ကိရိယာများဖြင့် ဂျင်းမြေခင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလမ်းသည် အကျိုးပြုအိမ်ခြေ ၉၉၂ အိမ်ရှိကြောင်း၊ နန်းနီ(တောင်+မြောက်) မြေတော်မြောက်အင်း၊ အုန်းလက်ကောက်ကျေးရွာတို့မှ ဆက်သွယ်သွားလာနေသော ကျေးရွာချင်းဆက်လမ်းဖြစ်ကြောင်း၊ အခြား ပြတ်တောက်ပျက်စီးသွားသော လမ်းပိုင်းများကိုလည်း ကျေးလက်နေပြည်သူများ လတ်တလော သွားလာရေးအဆင်ပြေစေရန် ဂျင်းမြေခင်းခြင်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။