Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်ရှိ အုန်းတွဲ-စလံကျေးရွာချင်းဆက်လမ်း ချောင်းရေတိုက်စားမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး


23 Sep,2024

မကွေး စက်တင်ဘာ ၂၂

     မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မကွေး-တောင်တွင်းကြီးလမ်းမှ အုန်းတွဲ-စလံကျေးရွာချင်းဆက်လမ်းအား ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးမှုအခြေအနေများကို တာဝန်ရှိသူများက စက်တင်ဘာလ ၂၂ ရက် တွင် ကွင်းဆင်းစစ်ဆေး ကြောင်းသိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်ဦးကျော်ကျော်ထွေး၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးစိုးမင်းထွန်း၊ ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်ထွန်းကျော်၊ မကွေးမြို့ နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ဇင်လတ်နှင့်ဝန်ထမ်းများက မကွေး-တောင်တွင်းကြီးလမ်းမှ အုန်းတွဲ- စလံကျေးရွာချင်းဆက်လမ်းအား ယင်း ချောင်းရေတိုက်စားမှုကြောင့် လမ်းဘေးကမ်းပါး ပြိုကျ၍ မိုင်တိုင်(၀/၃-၀/၄)ကြားလမ်းကြောင်း ပြတ်တောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ချောင်းရေတိုက်စားမှုကြောင့် လမ်းပြတ်တောက်သွားသောနေရာအား လမ်းလွှဲဆောင်ရွက်ပေးရန်၊ ကမ်းပါးရေတိုက်စားမှု သက်သာစေရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ကြရန် မှာကြားသည်။

     မကွေးမြို့နယ်ရှိ အုန်းတွဲစလံကျေးရွာချင်းဆက်လမ်း အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ပေးနိုင်ရေး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးတိုင်းထွာပြီး ဖြစ်ကြောင်း သိရသည်။

ကိုညို(ကျေးလက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm