Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝမ်းတွင်းမြို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ကျေးလက်လမ်းများအား ပြုပြင်ဆောင်ရွက်


23 Sep,2024

ဝမ်းတွင်း စက်တင်ဘာ ၂၀

          မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ကျေးလက်လမ်းများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြုပြင်ဆောင်ရွက်ပေးလျက်ရှိသည်။

 ပြုပြင်ပေး

          ဝမ်းတွင်းမြို့နယ်အတွင်း စက်တင်ဘာ ၁၁ ရက်မှ ၁၄ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ တချို့သောကျေးရွာများတွင် ဖောက်လုပ်ထားသော ကျေးလက်လမ်းများ ပျက်စီးလျက်ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာနှင့်ပူးပေါင်းကာ ပျက်စီးသွားသော လမ်းများအား ပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိတွင် အင်းကန်းကုန်း-အင်းကန်းကြီးလမ်း (၁/၁) မိုင် အမာခံလမ်းအား ပြုပြင်ပေးခဲ့သည်။

          အင်းကန်းကုန်း-အင်းကန်းကြီး ကျေးလက်လမ်းသည် အိမ်ခြေ ၇၂၆ အိမ်၊ အိမ်ထောင်စု ၇၅၄ စု၊ လူဦးရေ ၃၃၉၀ အား အကျိုးပြုလျက်ရှိပြီး အင်းကန်းကုန်း-အင်းကန်းကြီး-လက်ပတ်ကုန်း ကျေးရွာသုံးရွာကို ဆက်သွယ်သွားလာနေသောလမ်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm