Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ်၌ ရေဝင်ရောက်မှုကြောင့် ပျက်စီးသွားသော ကျေးလက်လမ်းပိုင်းများ ကျောက်ရောမြေ ခင်းခြင်းများဆောင်ရွက်


23 Sep,2024

သာစည် စက်တင်ဘာ ၂၀

          မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှု၊ ကုန်းစီးရေဝင်ရောက်မှုနှင့် တောင်ကျချောင်းရေများ ဝင်ရောက်မှုတို့ ကြောင့်ပျက်စီးသွားသော ကျေးလက်လမ်းပိုင်းများတွင် ကျေးလက်နေပြည်သူများ လတ်တလော သွားလာရေး အဆင်ပြေစေရန် ကျောက်ရောမြေခင်းခြင်းများကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောင်ရွက်‌ပေးလျက်ရှိသည်။

        ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မိတ္ထီလာ-တောင်ကြီးသွားကားလမ်းမှ ထူးတွင်း-ကုက္ကိုပင် ကျေးလက်လမ်းပိုင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော လမ်းပိုင်းနေရာများကို စက်တင်ဘာ ၁၇ ရက်ကစတင်၍ ကျောက်ရောမြေခင်းခြင်းကို စက်ကိရိယာများဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလမ်းသည် အကျိုးပြုအိမ်ခြေ ၃၀၀ ကျော်ရှိကြောင်းနှင့် ထူးတွင်း၊ ကုက္ကိုပင်၊ အုတ်ကုန်း၊ ရွှေတုတ်ကုန်း၊ နတ်မြောင်းကျေးရွာတို့မှ ဆက်သွယ်သွားလာနေသော ကျေးရွာချင်းဆက်လမ်း ဖြစ်သည်။

          မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အခြားသောပျက်စီးသွားသည့် ကျေးလက်လမ်း ပိုင်းများတွင်လည်း ကျေးလက်နေပြည်သူများ လတ်တလောသွားလာရေး အဆင်ပြေစေရန် ကျောက်ရောမြေခင်းခြင်းများကို အမြန်ဆုံးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm