Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရေဘေးသင့် ကျွန်းဦးခေတ်မီစံပြကျေးရွာ (Smart Village) ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


23 Sep,2024

 နေပြည်တော် စက်တင်ဘာ ၂၂

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦး ခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက်ပြီး ရေဘေးသင့်၍ ထိခိုက်ပျက်စီးသွားသော သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဝေခြင်းလုပ်ငန်း ပြန်လည်ကောင်းမွန်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရိန်းယာဉ်တင် လေမှုတ်စက်ကြီးဖြင့် အနက်ပေ ၄၀၀ တွင်းနက် အား တွင်းဆေးတွင်းမှုတ်ပြုလုပ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ရေကျသွားပြီဖြစ်သော ကျေးရွာတွင်း လမ်းများနှင့် ဘက်စုံသုံးခန်းမအတွင်းမှ သဲနှုန်းများ ဖယ်ရှားရှင်းလင်းနေမှုကိုလည်းကောင်း၊ ကျေးရွာ မူလတန်းလွန်ကျောင်း အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ရှင်းလင်း ဆောင်ရွက် ပေးရမည့် လုပ်ငန်းများကိုလည်းကောင်း၊ ကျေးရွာအတွင်း ကျန်ရှိနေသောရေများ ထုတ်ပစ်နိုင်ရေး အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးနေသော လုပ်ငန်းများကိုလည်း ကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် မှာကြားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပျဉ်းမနားမြို့နယ်အတွင်း ရေဘေးသင့် ကျေးရွာ (၂၂) ရွာ၌ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ရေပေးဝေရေးစနစ်များ ပြန်လည် ကောင်းမွန်ရေးတို့အတွက် တွင်းဆေးတွင်းမှုတ်လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးလျက်ရှိရာ ကျွန်းဦးကျေးရွာအနေဖြင့် ယနေ့ညနေပိုင်းတွင် တွင်းဆေးတွင်းမှုတ်လုပ်ငန်း ပြီးစီးမည်ဖြစ်၍ ရေဖြန့်ဝေပေးနိုင်ရေးအတွက် လျှပ်စစ်မီးရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။

          ကျွန်းဦးခေတ်မီစံပြကျေးရွာသည် ပဲကြော်၊ ပဲလှော်လုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းအပေါ် မှီခိုနေသည့် လုပ်သားဦးရေ (၄၀၀) ခန့်ရှိပြီး ပဲလှော်ဖို အကြီးအသေး (၁၆) ခု၌ လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ပဲလှော်ဖိုများ အသစ်ပြန်လည် တည်ဆောက်ရန်၊ ကုန်ကြမ်းရရှိရန် လိုအပ်လျက်ရှိပါသည်။ ယင်းလိုအပ်ချက်များအပေါ် ကူညီပံ့ပိုး ပေးနိုင်ရေးအတွက် ဒုတိယဝန်ကြီးသည် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm