Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများအောင်မြင်ရေး အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ


21 Sep,2024

နေပြည်တော် စက်တင်ဘာ ၂၁

မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံ စေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်လိုအပ်သကဲ့သို့ အရည်အသွေးကောင်း မွန်သည့် စားသုံးဆီများ ထုတ်လုပ်ရန် အဆင့်မီဆီစက်များလည်းလိုအပ်နေသဖြင့် ဆီစက်လုပ်ငန်း များဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယင်းလုပ်ငန်းများအောင်မြင်ရေးအတွက် ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာ သုံးသပ်ရေး(Monitoring and Evaluation) အဖွဲ့ခေါင်းဆောင်ဖြစ်သော သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ယနေ့နံနက်ပိုင်းက အဖွဲ့ဝင်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် ငွေသဇင်မင်းဆီစက်လုပ်ငန်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေးသည်။

ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ "ငွေသဇင်မင်း" မြေပဲဆီစက်သို့ သွားရောက်ပြီး ဆီစက်လုပ်ငန်းများလည်ပတ်နေမှုနှင့် ကုန်ကြမ်း သိုလှောင်ထားရှိမှုအခြေအနေများ၊ ချေးငွေ ထုတ်ယူပြီးစီးမှု အခြေအနေများ၊ ဈေးကွက်ချိတ်ဆက်မှု အခြေအနေများနှင့် ချေးငွေစီမံချက်ပါအတိုင်း ဆီစက်လုပ်ငန်းတွင် အမှန်တကယ် လိုက်နာသုံးစွဲမှု ရှိ/မရှိတို့ကို ကြီးကြပ်စစ်ဆေးရာ လုပ်ငန်းအခက်အခဲများအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် အတူ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm