ကြို့ပင်ကောက် စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မေခလာငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မေခလာငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌမှ အသင်း ဆိုင်ရာကိစ္စရပ်များ ရှေးလုပ်ငန်းစဉ်များကို အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးသန်းဌေးက အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ မြို့နယ်ပညာရေးမှူးကိုယ်စား ဦးစီးအရာရှိ ဦးသန်းနိုင်စိုးက ငွေစုငွေချေးသမဝါယမအသင်း ရေရှည်တည်တံ့ရေးဆိုင်ရာ စည်းကမ်းချက် တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသား များ၏ အတည်ပြုချက်ရယူခဲ့ကြပြီး မေခလာငွေစုငွေချေးပညာရေးသမဝါယမအသင်းမှ အသင်းသားဦးရေ ၃၀၀ ၏ စုဆောင်းငွေအပေါ်ရရှိမည့် အတိုး ၁၈၉၈၀၀၀ နှင့် အစုပေါ်အမြတ် ၈၀၈၀၀၀ ကျပ်တို့ကို အသင်းသားများအား စနစ်တကျခွဲဝေပေးခဲ့သည်။ အဆိုပါ မေခလာ ငွေစုငွေချေးသမဝါယမအသင်းသည် နှစ်ပေါင်း ၃၀ သက်တမ်းရှိပြီဖြစ်ကြာင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။