ချောက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲကျင်းပ
*****************************************************************************************
ချောက် စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ဝင်ငွေတိုး လုပ်ငန်းများပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာက သင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြား ပြီး တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ အသီးသီးပေးအပ်ကြသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၀ဦး တက်ရောက်ကြပြီး စက်တင်ဘာ ၁၁ရက်မှ ၂၅ရက်နေ့အထိ (၁၅)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ချောက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရ သည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။