Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးခယ်မမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကျင်းပ


09 Sep,2024

ဝါးခယ်မ စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး ဦးကျော်နိုင်ထွန်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလွှမ်းဝေအောင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တူးတူးလွင် နှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်အသင်းဥက္ကဋ္ဌနှင့် အသင်းသူ၊ အသင်းသား များတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးတင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြား‌ ရေးမှူး ဦးကျော်နိုင်ထွန်းနှင့် ဝါးခယ်မမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တူးတူးလွင်တို့မှ သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် အသင်းအမှုဆောင်အဖွဲ့က အသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးအစီရင်ခံစာအားဖတ်ကြားရှင်းလင်းပြီး တက်ရောက်လာသော အသင်းစုကိုယ်စားလှယ်များက သဘောတူညီချက်ရယူကာ အသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက် လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးအစီရင်ခံစာအား အတည်ပြု၍ အသင်းကိုယ်စားလှယ် များအား ခရီးစရိတ်နှင့် အစုပေါ်အမြတ်အကျိုးခံစားခွင့်များ‌ ပေးအပ်ခဲ့ပြီး သဘာပတိမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

 ဟိန်းထက်လင်း(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm