Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး Online Meeting စနစ်ဖြင့်ကျင်းပ


10 Sep,2024

နေပြည်တော် စက်တင်ဘာ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာနှစ်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်မှု နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခြင်းကို  ယနေ့နံနက်ပိုင်း ၁၀:၀၀နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ-၂၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာနှစ်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်မှု စံများသတ်မှတ်၍ ဘတ်ဂျက်ပြင်ဆင်လျာထားနိုင်ရေးနှင့် စပ်လျဉ်းပြီး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာနှစ်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်မှု စံများသတ်မှတ်၍ ဘတ်ဂျက် ပြင်ဆင်လျာထားနိုင်ရေးနှင့် စပ်လျဉ်းပြီး လိုအပ်ချက်များ၊ လိုက်နာရမည့်အချက်များကို ဆွေးနွေး ပြောကြားသည်။

အဆိုပါ အခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ခံ ဝန်ထမ်းများမှ Video- Conferencingစနစ်ဖြင့် တက်ရောက်ခဲ့ကြောင်းသိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm