Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဖြတ်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအုတ်ဘလောက်ရိုက်နည်းသင်တန်း ဖွင့်လှစ်


06 Sep,2024

မိုင်းဖြတ်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအုတ်ဘလောက်ရိုက်နည်းသင်တန်း ဖွင့်လှစ်

မိုင်းဖြတ် စက်တက်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာလုပ်ကိုင်လာနိုင်စေရန်၊လုပ်ငန်းစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့်ကျွမ်းကျင်လုပ်သားများပေါ်ပေါက်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အုတ်ဘလောက်ရိုက်နည်း သင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ  ၅ ရက်နေ့  နံနက် ၁၀ နာရီကအဆိုပါဦးစီးဌာနရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
          ရှေးဦးစွာ  မိုင်းဖြတ်မြို့နယ်စီမံအုပ်ချုပ်‌ေရးအဖွဲ့ ဥက္ကဌဦးညီညီအောင်  က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး     မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်မေလွင် မှ သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်များနှင့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
         ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များနှင့်သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသောတာဝန်ရှိသူများက သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများအသီးသီးပေးအပ်ကြသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၀ ဦး တက်ရောက်ကြပြီး စာတွေ့လက်တွေ့ဖြင့်၂၀ ရက်ကြာ အခမဲ့ သင်ကြားပို့ချလျက်ရှိကြောင်း မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်မေလွင် ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm