Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမရပူရမြို့နယ် ရေဘုတ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်ထုတ်ချေး


06 Sep,2024

အမရပူရမြို့နယ် ရေဘုတ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်ထုတ်ချေး

မန္တလေး စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး ၊ အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ရေဘုတ်ကျေးရွာအုပ်စု၊ ရေဘုတ်ကျေးရွာအတွက် လည်ပတ်ရန်ပုံငွေ နဝမအကြိမ်ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးကကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းပြောကြားပြီးမြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများကကျေးရွာမြစိမ်းရောင် လုပ်ငန်းအဖွဲ့ဝင်များအား ရန်ပုံငွေများ စနစ်တစ်ကျလွှဲပြောင်းပေးအပ်ကြပါသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း နဝမအကြိမ်အဖြစ် အမရပူရမြို့နယ်၊ရေဘုတ်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၀ ဦးအတွက်ငွေကျပ်သိန်း ၂၀၀ ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၁ ဦးအတွက် ငွေကျပ်
၂၀၂ သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၄၁ ဦးအတွက် ငွေကျပ် ၃၄၈သိန်း၊ စုစုပေါင်း အသင်းသား ၃၄၂ ဦးအတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၇၅၀ ကိုကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များက နေ့ချင်းပြီးထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်းအမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်စန်းဦးက ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm