Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်မြေသာစံမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


06 Sep,2024

အောင်မြေသာစံ  စက်တင်ဘာ ၆ 

          မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေး နှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ သဘာပတိ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်သူရ၊ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်း၊ တိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ် အမှုဆောင်ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလှိုင်တို့က အမှာစကားပြောကြားကြသည်။

          ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသန့်က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်သမဝါယမအသင်းစု အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား အတွင်းရေးမှူး ဦးမောင်မောင်ကြီးက ဖတ်ကြားတင်သွင်းပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွက် အသင်းစာရင်းစစ် အစီရင်ခံစာကို စာရင်းစစ်အဖွဲ့ဝင် ဦးဘကြည်က ဖတ်ကြားတင်သွင်းသည်။

          အစီအစဉ်အရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများနှင့် အမြတ် ခွဲဝေမှုစာရင်းများကို ဦးစီးမှူး ဦးပိုင်ပိုင်စိုးက ဖတ်ကြားတင်သွင်းခြင်း၊ ဖတ်ကြားတင်သွင်းသွားသော ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများ၊ အမှုဆောင်လုပ်ငန်း အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ် များကို အသင်းဝင်ကိုယ်စားလှယ်များထံမှ အတည်ပြုချက်ရယူသည်။

          ထို့နောက် တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်ကြီးများမှ မေးမြန်းခြင်း၊ အကြံပြုခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ကြကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းဝင်အသင်းများသို့ အစုပေါ်အမြတ်ငွေများ ပေးအပ်ကြပြီး အောင်မြေသာစံမြို့နယ်အတွင်းရှိ အသင်းဝင်အခြေခံသမဝါယမအသင်းများမှ အသင်းသားများ၏ သား/သမီးများထဲတွင် တက္ကသိုလ် ဝင်တန်း ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးသည်။

          အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ သမဝါယမအသင်း (၇၆)သင်းမှ အမှုဆောင်ဒါရိုက်တာများ၊ ဖိတ်ကြားထားသူများနှင့် အသင်းသားများ တက်ရောက်ကြသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm