ပေါင် စက်တင်ဘာ ၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အမှတ်(၂) ပညာရေးဝန်ထမ်းများငွေစုငွေချေး သမဝါယမ အသင်းလီမိတက်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် အ.ထ.က(ပေါင်) ရွှေရတုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၂) ပညာရေးငွေစုငွေချေးသမဝါယမအသင်း ဥက္က္ကဋ္ဌ ဦးမင်းညွန့်တင်နှင့် မြို့နယ် သမဝါယမဦးစီးအရာရှိ ဒေါ်သင်းသင်းယုနှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးမြင့်အောင် တို့က သမဝါယမအသင်း၏ ငွေစုငွေချေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ငွေစာရင်းရှင်းတမ်းဖတ်ကြားခြင်း၊ အသင်းစာရင်းစစ် အစီရင်ခံစာဖတ်ကြားခြင်းနှင့် အသင်းသားများ၏သား/သမီးများ ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၈) ဦးအား တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်ဖြင့် ဆုချီးမြှင့်ပေးကာ စုဆောင်းငွေအများဆုံး အသင်းသား (၃)ဦးကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်သတင်းဌာနခွဲ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။