Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းအား မှတ်တမ်းတင်ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပ


04 Sep,2024

နေပြည်တော်၊ စက်တင်ဘာ ၄

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်သက် (၃၄)နှစ်တာကာလတစ်လျှောက် ဌာန၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်ခဲ့ သည့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဌေးအား မှတ်တမ်းတင်ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းဖြစ်သော ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဌေးတို့ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် စီမံခန့်ခွဲရေးဌာနခွဲ ညွှန်ကြားရေးမှူးက ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဌေး ၏ တာဝန်ထမ်းဆောင်ခဲ့မှုမှတ်တမ်းအား တင်ပြသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်း တစ်ဦးအနေဖြင့် သက်ပြည့် တာဝန်ထမ်းဆောင်ခြင်းသည် အင်မတန်ခက်ခဲ၍ ရှည်လျားသည့် ခရီးလမ်းကြောင်း တစ်ခုဖြစ်ပါကြောင်း၊ ယခုလို ခက်ခဲသော ခရီးလမ်းကြောင်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့သည့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဌေးအတွက် များစွာဂုဏ်ယူမိပါကြောင်း၊ ဒေါ်သိန်းဌေး အနေဖြင့် အကူအညီလိုအပ်ပါက မိမိတို့ဌာနမှ အချိန်အခါမရွေး ကူညီပေးမည်ဖြစ်ပါ ကြောင်း၊ ဌာန၏ လုပ်ငန်းများတွင် အကြံဉာဏ်၊ အကူအညီလိုအပ်ပါကလည်း ဒေါ်သိန်းဌေးမှ ကူညီ ပေးမည်ဟု ယုံကြည်ပါကြောင်းစသည်ဖြင့် ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဌေးအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် သည်။

          ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲများမှ တာဝန်ရှိသူများက သက်ပြည့်အငြိမ်းစားယူမည့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဌေးအား အမှတ် တရလက်ဆောင်များ ပေးအပ်ကြပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဌေးက အမှတ်တရနှုတ်ဆက် စကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

          သက်ပြည့်အငြိမ်းစားယူမည့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဌေးသည် ၁၉၈၄ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)တွင် ထုတ်လုပ်ရေးကျွမ်းကျင်-၃ ရာထူးဖြင့် (၅)နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် (၂၆-၁၂-၁၉၉၀) ရက်နေ့မှ (၁-၁-၂၀၂၅) ရက်နေ့အထိ (၃၄)နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပါကြောင်းနှင့် တာဝန်ထမ်း ဆောင်စဉ်ကာလတစ်လျှောက် နိုင်ငံတော်မှ ချီးမြှင့်သည့် တံဆိပ် (၃)ခု လုံးရရှိခဲ့ပြီး ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm