သာယာဝတီ စက်တင်ဘာ ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဗိုလ်ဗိုလ်မြင့်၊ သာယာဝတီခရိုင်မှူး ဦးသန်းမြတ်စိုးတို့သည် သာယာဝတီခရိုင်အတွင်းရှိ ဌာနဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာ ၁ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်သည် သာယာဝတီခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိ ဌာနဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများ၏ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ရုံးမြေနေရာကို ကြည့်ရှုသည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် နတ်တလင်းမြို့နယ်သို့ သွားရောက်၍ ၂၀၂၄ - ၂ဝ၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် သရက်တပင်-ဝဲတဲကျေးရွာချင်းဆက် လမ်းအရှည် (၂/ဝ) မိုင်၊ အကျယ် ၁၄ ပေ၊ ထု ရှစ်လက်မ မြေနီ ကျောက်စရစ်လမ်းအဖြစ်အဆင့်မြှင့်တင်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လမ်းဘေးဝဲ/ယာတွင် အရိပ်ရသစ်ပင်များ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသန်းမြတ်စိုးက လိုက်လံ ရှင်းလင်းပြသရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သက်ထက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။