ကျောက်ဆည် ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စန်းစန်းဝါ၊ မြို့နယ်တာဝန်ခံနှင့် တာဝန်ခံ QC အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်၌ ၂၀၂၄- ၂၀၂၅ ခု ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း တံတားလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကျောက်ဆည်မြို့နယ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ၁၉၈ ဒသမ ၁ သန်းဖြင့် Early Bright White Gems ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျောက်ဆည် - ငှက္ကတောင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း (ဝ/၅ ဒသမ ၄)မိုင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ ၂၀၂ ဒသမ ၅၅ သန်းဖြင့် လူထုရှေ့ဆောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ကျောက်ဆည် - တံတားဦး လမ်းမှ ငါးလုံးကုန်းကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း (ဝ/၄) မိုင်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ Quality Control စမ်းသပ်စစ်ဆေးနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစွာဆောင်ရွက်နိုင်ရန် နှင့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။