Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ခရိုင်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး


03 Sep,2024

ပြည် စက်တင်ဘာ ၂

           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဗိုလ်ဗိုလ်မြင့်တို့သည် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက ပြည်ခရိုင် အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

         ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ပြည်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်ခရိုင်အတွင်းရှိ ဌာနဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

          ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ရွှေတောင် မြို့နယ်သို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဖန်ဝန်းတက်နေကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် ရွာသာယာ-နွားခြံကုန်း-မြို့မလမ်း ကျေးရွာချင်းဆက် လမ်းအရှည်(၁/၄)မိုင်၊အကျယ် ၁၆ ပေ၊ ထု ၁၄ လက်မ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လမ်းဘေးဝဲ/ယာတွင် အရိပ်ရသစ်ပင်များ၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဒုတိယညွှန်ကြားရေးမှူး ဦးဗိုလ်ဗိုလ်မြင့်က လိုက်လံရှင်းလင်းပြသရာ လိုအပ်သည်များကို မှာကြားသည်။

         ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်သို့သွားရောက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် Royal Splendid Jade ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် နဝဒေးချဉ်းကပ်လမ်းမှ တောင်ပို့ကွင်း-မကြီးကုန်း- ရုံးပုလမ်း ကျေးရွာချင်းဆက်လမ်းအရှည်(၁/၀)မိုင်၊ အကျယ် ၁၆ ပေ၊ ထု ၁၄ လက်မ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လမ်းဘေးဝဲ/ယာတွင် အရိပ်ရသစ်ပင်များ၊ သီးပင်စားပင်များစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဒုတိယညွှန်ကြားရေးမှူး ဦးဗိုလ်ဗိုလ်မြင့်က လိုက်လံရှင်းလင်းပြသရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို မှာကြားကြောင်း သိရသည်။

သက်ထက်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm