မင်းဘူးမြို့နယ် ကိုင်းတောလေး ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ပဉ္စမ အကြိမ် ထုတ်ချေး
မင်းဘူး စက်တက်ဘာ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ များ ပဉ္စမ အကြိမ် ထုတ်ချေးခြင်းကို စက်တင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ကိုင်းတောလေး ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်း က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် ကံသစ် ကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ ၊စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လိုအပ်သည့် ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေလက်ဥပဒေ၊နည်းဥဒေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်မာဝင်း က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့များထံ လည်ပတ်ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့များက ကိုင်းတောလေး ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၈ ဦးထံသို့ ရန်ပုံငွေ ၂၇၇ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၇ ဦးထံသို့ ရန်ပုံငွေ ၅၆ သိန်း ၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ ၅ ဦးထံသို့ ရန်ပုံငွေ ၁၀ သိန်း ၊ စုစုပေါင်း အသင်းသူ/သား ၁၄၇ ဦးထံသို့ ရန်ပုံငွေ ၃၄၃ သိန်း ကို တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်းမင်းဘူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်း ထံမှ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။