မော်လမြိုင် စက်တင်ဘာ ၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်သမဝါယမဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရာမညမြေ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝေးကို မွန်ပြည်နယ်သမဝါယမဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးသန်းနိုင်က အမှာစကား ပြောကြားပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌတို့က အမှာစကားအသီးသီးပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် အသင်းအမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီး ဆွေးနွေးသဘောတူညီချက် ရယူကာအတည်ပြုခဲ့သည်။ ထို့နောက် လစ်လပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးအား အစားထိုး ရွေးချယ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။