Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထိလာခရိုင်အတွင်း လမ်းတံတားများ ဆောင်ရွက်နေမှု စစ်ဆေး


02 Sep,2024

မိတ္ထီလာ ဩဂုတ် ၃ဝ

           မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် လမ်းတံတားများ ဆောင်ရွက်နေမှုအခြေအနေများကို ဩဂုတ် ၂၉ ရက်နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ မိတ္ထီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဒေါ်နှင်း နှင်းအိလှိုင်နှင့် တာဝန်ရှိသူများက မိတ္ထီလာမြို့နယ်အတွင်း မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း အရှည် လေးဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ လက်မ ရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ မြင်းခြံလမ်းမှ ရေချိုဘူတာ-ရွာသာလမ်း အရှည်သုံးဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့်၁၅ လက်မရှိ ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

           ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် သာစည်မြို့နယ်အတွင်း သူဌေးကုန်း-ဆူးပုတ်ကန်- ချောင်းစောက်ရိုးလမ်းပေါ်တွင် တံတားအရှည်ပေ ၄၀ ရှိ သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ မိတ္ထီလာ-တောင်ကြီး ကားလမ်းမှ ကြက်မောက်-ဇီးတောလမ်း အရှည် လေးဖာလုံ၊ အကျယ် ၁၆ ပေ၊ အမြင့် ၁၄ လက်မရှိ ကျောက်ချောခင်းခြင်းလုပ်ငန်းကိုလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးသည်။

        အဆိုပါလုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၅၁၀ ဒသမ ၄၂၆ သန်း အသုံးပြု၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမြင့်မိုရ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm