တောင်ကြီး ဩဂုတ် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်သမဝါယမအသင်းစု ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမ ဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ သဘာပတိ အသင်းစု ဥက္ကဌ ဦးစိုင်းလှမြင့်က လုပ်ငန်းအခြေအနေ များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးကျော်မိုးတင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရှင်းလင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ခြင်းနှင့် အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးဒုတိယပိုင်းတွင် မြို့နယ် သမဝါယမအသင်းစု၏ အသင်းအမှုဆောင်ဒါရိုက်တာရွှေးချယ်ပွဲကို ဆက်လက်ကျင်းပရာ သဘာပတိ အဖြစ်ပြည်နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးတင့်ဆောင်ရွက်ပြီး အမှုဆောင်အသစ် များကိုရွှေးချယ်၍ တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ကတိသစ္စာခံယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပြည်နယ်သမဝါယမဦးစီးဌာမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူ များ၊ မြို့နယ်သဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များ၊ အသင်းဝင်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသောဧည်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။