Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဖြတ်မြို့နယ် ဟွေဟုန်း ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းနိုင်ရေး ကွင်းဆင်းတိုင်းတာ


02 Sep,2024

မိုင်းဖြတ်မြို့နယ် ဟွေဟုန်း ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းနိုင်ရေး ကွင်းဆင်းတိုင်းတာ

မိုင်းဖြတ် စက်တင်ဘာ ၁

          ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် နမ့်လောက်ကျေးရွာအုပ်စု၊ ဟွေဟုန်း ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းနိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းကို ဩဂုတ်လ ၃၁  ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေ၊ မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်  နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဟွေဟုန်း ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေ က ကွန်ကရစ်လမ်းခင်းရာတွင် သတ်မှတ် စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ကြရန်  ဆွေးနွေးမှာကြားသည်။

          မိုင်းဖြတ် မြို့နယ် ဟွေဟုန်း  ကျေးရွာ၌ ယခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ် သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေ ၁၀ ဒသမ ၉ သိန်း ၊ စုစုပေါင်း ၁၆၀ ဒသမ ၉ သိန်း အသုံးပြုကာ  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာများ ပံ့ပိုးမှုဖြင့်  လမ်းအရှည် ၃၇၀ ပေ ၊အကျယ် ၁၂ ပေ၊   အမြင့် ခြောက်လက်မ ရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာသူ၊သားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဟွေဟုန်း ကျေးရွာရှိ အိမ်ခြေ ၂၃ အိမ် နှင့်  လူ ၁၂၄  ဦးတို့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင် ထံမှ သိရသည်။

ဇင်မာ
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm