Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စဉ့်ကိုင်မြို့နယ် မုန့်ပေါင်း-ဇော်ဂျီ-ရွာသစ်-ကန်ကြီးကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


30 Aug,2024

စဉ့်ကိုင် ဩဂုတ် ၂၉

    မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၁၃၇ ဒသမ ၁၇ သန်းဖြင့် မုန့်ပေါင်း- ဇော်ဂျီ- ရွာသစ်- ကံကြီး ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အဖွဲ့ ဩဂုတ် ၂၉ ရက် နံနက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

      ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်း၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝါ တို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။

     အဆိုပါလမ်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၁၃၇ ဒသမ ၁၇ သန်းဖြင့် အရှည် ၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၇ လက်မထုခင်းကျင်းမည်ဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း နှင့်  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ကျေးရွာသုံးရွာမှ အိမ်ခြေ ၇၅ဝ မှ လူဦးရေ ၃၄ဝဝ တို့ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm