ကလော ဩဂုတ်၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ သမာဓိအကျိုးဆောင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး
သမဝါယမအသင်း(လီမိတက်)က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အသင်းသား ၈၆၆ ဦးစာရင်းရှိပြီ ၄၃၅ ဦးတက်ရောက်ခဲ့သည်။
ရှေးဦးစွာ သမာဓိအကျိုးဆောင်ဝန်ထမ်းပေါင်းစုံငွေစုငွေချေးမဝါယမအသင်း(လီမိတက်) သဘာပတိ အသင်းဥက္ကဋ္ဌ ဦးထွန်းဝေနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေး တို့က အသင်း၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍
အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အသင်း၏တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြခဲ့သည်။
ဆက်လက်၍ သဘာပတိ အသင်းဥက္ကဋ္ဌ ဦးထွန်းဝေကအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက် အသင်းအမှုဆောင်အဖွဲ့အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်း ရှင်းတမ်းတို့အပေါ် အသင်းသားများ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေညာခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။