နေပြည်တော် ဩဂုတ် ၂၃
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်း အနားကို ဩဂုတ် ၂၁ ရက်နေ့က အဆိုပါမြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ရာ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှုး ဒေါ်ယုယုအေး၊ နေပြည်တော်သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးဒေါ်ယုယုအေးမှ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို တစ်နှစ် တစ်ကြိမ်ပြုလုပ်ရန်၊ အမှုဆောင်အဖွဲ့အစည်းအဝေးများအား တစ်လတစ်ကြိမ်ကျင်းပရန်နှင့် လိုအပ်ချက် များအပေါ် ညှိနှိုင်းချင့်ချိန်ရန်အတွက် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်းများထားရှိရန်နှင့် ဆောင်ရန် ရှောင်ရန်အချက်များကိုမှာကြားခဲ့ပြီး အသင်း၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှုများနှင့် လုပ်ငန်းများမှ ရရှိသောအကျိုးအမြတ်များအပေါ် ရှင်းလင်းတင်ပြရခြင်း၊ အသင်း၏ စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေများ အပေါ်စီမံခန့်ခွဲခြင်း၊ အမှုဆောင်အဖွဲ့အနေဖြင့် သက်တမ်း(၅)နှစ်ပြည့်ပြီးပါက နှုတ်ထွက်ရပြီး အမှုဆောင် အသစ်ပြန်လည်ဖွဲ့စည်း ရွေးချယ်တင်မြှောက်ခြင်းတို့ကို ပြုလုပ်ရကြောင်း၊ သမဝါယမလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ်အစီရင်ခံစာများ၊ အသင်း၏ ဘဏ္ဍာရေး အစီရင်ခံစာများကို အမှုဆောင်အဖွဲ့ဝင်အသီးသီးမှ ဖတ်ကြားတင်ပြခဲ့ရာ တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်များက ကန့်ကွက်ရန်မရှိပါသဖြင့် သဘာပတိက အတည်ပြုခဲ့ပြီး၊ အမှုဆောင် အဖွဲ့သည် သက်တမ်း(၅)နှစ်ပြည့်ပြီးဖြစ်၍ အစည်းအဝေးပထမပိုင်းတွင် နှုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် အစည်းအဝေးဒုတိယအပိုင်းတွင် ဥတ္တရသီရိမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ အမှုဆောင်အဖွဲ့သက်တမ်းမှာ (၅)နှစ်ပြည့်ပြီးဖြစ်၍ အမှုဆောင်အဖွဲ့သစ်ပြန်လည်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာ တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးမှ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းနှင့် ပတ်သက်၍ အဆိုပြုထောက်ခံရွေးချယ်စနစ်၊ လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်နည်းစနစ် စသည်တို့ကိုရှင်းလင်းပြောကြားကာ တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒအတိုင်း သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သမဝါယမကိုယ်စားလှယ်များအတွင်းမှ အမှုဆောင်ဒါရိုက်တာအဖွဲ့ (၁၁)ဦးနှင့် အသင်းစာရင်းစစ်(၂)ဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး၊ ရွေးချယ်ခံရသည့်အမှုဆောင် ဒါရိုက်တာအဖွဲ့သစ်(၁၁)ဦးမှာ အချင်းချင်းတာဝန်ခွဲဝေသတ်မှတ်ခြင်း၊ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာ ခံယူခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။