သုံးခွ သြဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့ပူးပေါင်း၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်တောင်သူများ၏ လယ်မြေများ တွင် စပါးဖျက်ပိုးကျရောက်မှုကာကွယ်နှိမ်နှင်းရေးအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၂၅ ရက်က ကတုံးပေါ်အလယ်ကျေးရွာ ဦးမြင့်သန်း၏ လယ်မြေနေရာတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်နွယ်နွယ်အေးက မြို့နယ်သမဝါယမ အသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးစိုက်လယ်မြေများတွင် မိုးရွာ သွန်းမှုများသဖြင့် စပါးဖျက်ပိုးကျရောက်မှုအား ကာကွယ်နှိမ်နှင်းခြင်းဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ထို့နောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မြင့်အောင်က ဖြုတ်ပိုး၊ နှံဆုပ်ပိုးကျရောက်မှုကာကွယ်နှိမ်နှင်းရေးနည်းလမ်းများကို အသင်းသားတောင်သူများအား အသိ ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရန် အသင်းသားတောင်သူ(၃၀၅)ဦးအတွက် စိုက်ဧက(၂၆၃၅) စိုက်ပျိုးရန်(၅၂၇၀)ကျပ်သိန်းနှင့် ညီမျှ သော သွင်းအားစုများထုတ်ပေးထားကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။