ကလော ဩဂုတ် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမ အသင်း(လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အသင်းသား ၃၆၂ ဦးစာရင်းရှိပြီး ၂၅၀ ဦးခန့်တက်ရောက် ခဲ့သည်။
ရှေးဦးစွာ ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမိတက်) သဘာပတိ အသင်းဥက္ကဋ္ဌ ဦးမြဆောင်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေးတို့က အသင်း၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တွဲဖက် အတွင်းရေးမှူး ဦးသန်းထွန်းက အသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင် အဖွဲ့အစီရင်ခံစာဖတ်ကြားခဲ့ပြီး စာရင်းစစ် ဦးမျိုးသိန်းက အသင်းစာရင်းစစ်အစီရင်ခံစာကို လည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဌာနခွဲစာရေးဒေါ်သူဇာဝင်းက နှစ်ချုပ်ဘဏ္ဍာရေးစာရင်း ရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့သည်။ ဆက်လက်၍ သဘာပတိက အသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး စာရင်းရှင်းတမ်းတို့အပေါ် အသင်းသားများ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေညာခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။