နေပြည်တော် ဩဂုတ် ၂၂
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဝါသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဝါစက် လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ် မင်းလှသာစည်ကျေးရွာသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက မင်းလှသာစည်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း(Smart Village)၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ရေးစီမံကိန်း(RBF) လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို အရှိန် အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ အသေးစား တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများအတွက် သမဝါယမအသင်း ရန်ပုံငွေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများဖြင့် လိုအပ်သည့် မတည်ရင်းနှီးငွေများ ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တောင်သူများ၏ လူမှု စီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင် လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူကိုယ်တူဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမ အသင်းများ ဖွဲ့စည်းပေးပြီး အသင်းသားတောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်း မျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသောသီးနှံများကို ဈေးကွက် ခိုင်မာမှု ရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ မြင်းကပါကျေးရွာကို ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village)၏ အဓိကကဏ္ဍကြီး(၆)ရပ်ဖြစ်သည့် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကူညီ ထောက်ပံ့မှုလုပ်ငန်း များ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွား မြင့်မားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ခိုင်မာ အားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာဏ္ဍအလိုက် ဌာနပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် ယခုလို နိုင်ငံတော်အစိုးရမှ ဘက်ပေါင်းစုံလာရောက်ဖြည့်ဆည်း ပူးပေါင်းဆောင်ရွက်ပေးသည့် အချိန်တွင် မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဆွေးပြောကြားပြီး ကျေးရွာတောင်သူများ၏တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပျော်ဘွယ်မြို့ရှိ မန်းရတနာဝါဂွမ်းနှင့် ဝါမျိုးစေ့ရောင်းဝယ်ရေးစက်ရုံများသို့ ရောက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တိုးချဲ့ ဆောင်ရွက်လိုသည့် ဝါကြိတ်စက်ကို သမဝါယမစနစ်ဖြင့် အရင်းအနှီးထောက်ပံ့ပေးနိုင်ရေးနှင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ကြရန်၊ မိမိလုပ်ငန်းတာဝန်များကို စေတနာထားလုပ်ဆောင်ကြရန်၊ နိုင်ငံတော် အပေါ် သစ္စာရှိရန်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်ကြရန်ဆွေးနွေး မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ရမည်းသင်းမြို့နယ် ကူတိုကျေးရွာရှိ ရတနာရွှေကူစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၌ ကျင်းပပြုလုပ်သည့် ဝါစိုက် အသင်းသား တောင်သူများနှင့် တွေ့ဆုံ၍ ဝါမျိုးစေ့ပေးအပ်ပွဲနှင့် သွင်းအားစုများထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက်ရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးက ရမည်းသင်းမြို့နယ်အတွင်း ဝါသီးနှံ စိုက်ပျိုးလုပ်ငန်းဆောင်ရွက်နေမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစု ထောက်ပံ့ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးရန်အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိပြည်သူ များ အဝတ်အထည်များဖူလုံရေးအတွက် ဝါစိုက်ပျိုး ထုတ်လုပ်မှုဟာ အလွန်အရေးကြီးပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ထွက်ရှိလာသောဝါမှာ နိုင်ငံ အတွင်းချည်လိုအပ်ချက်အတွက် ပြည့်မီတာကို တွေ့ရှိရသော်လည်း ချည်နှင့် အထည်များကို ပြည်ပမှ တင်သွင်းမှာယူနေရသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထွက်ရှိသော ဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့ တင်ပို့ရောင်းချနေရကြောင်း၊ ဒါကြောင့် ပြည်တွင်း၌သာ ချည်ဖြစ်သည်အထိ ထုတ်လုပ်ရန် အတွက်လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီး များကိုပံ့ပိုးပေးပြီး Value Added အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ ဒါမှသာ ပြည်ပမှ ချည်တင်သွင်းမှုကို လျှော့ချ နိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် ဝါစိုက် တောင်သူ များအနေဖြင့် ဝါများအထွက်တိုးရေး မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းဝါစိုက်တောင်သူများအတွက် လိုအပ်သည့် မျိုးကောင်း မျိုးသန့်များနှင့် သွင်းအားစု များရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် ပါက တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သမဝါယမအသင်းရန်ပုံငွေ၊ သွင်းအားစု လုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စနစ်တကျဆွတ်ခူး ထွက်ရှိလာ သောဝါများ ဈေးကောင်းရရှိရေး ဈေးကွက်သေချာစွာရရှိရေး အစိုးရနှင့် ပုဂ္ဂလိက ချည်စက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တောင်သူအသိပညာပေးလုပ်ငန်းများကို သက်ဆိုင် ရာစိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကို ဆွေးနွေးပြောကြားပြီးနောက် ဝါစိုက်တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့် ဆည်း ဆောင်ရွက်ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသင်းသားတောင်သူ ၈၆ ဦး၏ ဝါစိုက်ဧက ၂၃၂ ဧက အတွက် India နိုင်ငံထုတ် RAKA ဝါမျိုးစေ့များနှင့် သွင်းအားစုဓါတ်မြေဩဇာများကို အသင်းသား တောင်သူများထံ ပေးအပ်ခဲ့ပြီး အသင်းသားတောင်သူများ၏ ဝါစိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့ သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကူတိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဝင်ငွေတိုးစီမံကိန်းသင်တန်းမှ ထူးချွန်သူသင်တန်းသား (၅) ဦး စပျစ်ဝိုင်ထုတ်လုပ်နေမှု အခြေအနေများအားလည်းကောင်း၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက် ရှိသော ရင်ကွဲပင်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေအားလည်းကောင်း၊ ပုပ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ၌ သားတင်ဦးအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းနှင့် ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော အိမ်ရှင်မဆီစက်တည်ဆောက်နေမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောလျင်စွာပြီးစီးရေး သတ်မှတ် စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကျေးရွာ လမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။