Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား တွေ့ဆုံအားပေးစကားပြောကြား


21 Aug,2024

(၂၃-၈-၂၀၂၄) ရက်နေ့မှ (၂၇-၈-၂၀၂၄)ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား အလွတ်တန်း ဘောလုံး အားကစားပြိုင်ပွဲကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် သမဝါယမ ကောလိပ်(မန္တလေး)တို့မှ ‌ကျောင်းသားများ ပါ‌ဝင်သော တက္ကသိုလ်လက်ရွေးစင်အသင်းသားများမှ ဝင်ရောက် ယှဉ်ပြိုင်သွားကြမည်ဖြစ်ပါသည်။ 

အဆိုပါ လက်ရွေးစင်အသင်းသားများအား (၂၀.၈.၂၀၂၄)ရက်နေ့ မနက် (၁၀း၀၀) နာရီတွင် တက္ကသိုလ် Conference Room ၌ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊  ဦးဝင်းနိုင်ထွန်း (ဒုတိယပါမောက္ခချုပ်(စီမံ))၊ ဒေါက်တာဥမ္မာစံ ( ဒုတိယပါမောက္ခချုပ် (သင်ကြား))၊  ဦးငွေမိုးထွန်း ၊ (ဌာနမှူး၊ သင်တန်းရေးရာဌာန)နှင့် အားကစားကော်မတီ ဥက္ကဌ ဒေါက်တာခင်မြဝင်းတို့မှ တွေ့ဆုံအမှာစကား‌ေပြာအားပေးခဲ့ကြပါသည်။ 

ထိုတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား ပါမောက္ခချုပ်ဆရာမကြီးမှ တက္ကသိုလ်၏ဂုဏ်ကို ဆောင်နိုင်‌အောင် ကြိုးစားအားထုတ်ကြရန်၊ ပြိုင်ပွဲပါစည်းကမ်းများကို လိုက်နာရန်၊ စည်းစည်း လုံးလုံးညီညီညွတ်ညွတ်နှင့် ကြိုးစားအားထုတ်ရန်၊ တရားသော ယှဉ်ပြိုင်ခြင်းဖြင့် ကြိုးစား ကစားကြရန်၊ လိုအပ်သည်တို့ကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ကြရန်နှင့် တက္ကသိုလ်ဘက်မှလည်း လိုအပ်သည် တို့ကို ကြိုးစား ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း စသည်ဖြင့် ဆုံးမ၊အားပေး အမှာစကားပြောကြားခဲ့ပြီး တွေ့ဆုံပွဲအား (၁၁း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

(၁၉.၈.၂၀၂၄)နေ့တွင် ပြိုင်ပွဲအကြိုအမှတ်တရအဖြစ် တက္ကသိုလ်ပင်မအဆောက်အဦးနှင့်တွဲဖက်၍အမှတ်တရဓာတ်ပုံများလည်း‌ေပျာ်ရွှင်စွာရိုက်ကူးခဲ့ကြပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm