Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်ကိုင်းခရိုင်၌ ဒုတိအကြိမ်မွမ်းမံ စက်ချုပ်နည်းပညာပေးခြင်း အခမ်းအနားကျင်းပ


21 Aug,2024

စစ်ကိုင်း၊ ဩဂုတ် ၂၁

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း (၇)ခု အနက်မှ အမျိုးသမီးများအတွက် ဝင်ငွေတိုး ရေးဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းကို အကောင်အဖော် ဆောင်ရွက်လျက်ရှိသည့် စစ်ကိုင်းခရိုင် တွင် ဒုတိယအကြိမ်မွမ်းမံ စက်ချုပ်နည်းပညာသင်တန်းကို ယနေ့ နံနက်ပိုင်း အဆိုပါ ဦးစီးဌာနရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားသို့ စစ်ကိုင်းခရိုင် ကျေးလက်လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊  စစ်ကိုင်း ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်း ကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ကြပါသည်။

          ဦးစွာ စစ်ကိုင်းခရိုင် ကျေးလက်လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက မိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများ နှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပါသည်။

          အဆိုပါ မိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် အခြေခံ စက်ချုပ်နည်းပညာသင်တန်းကို ဇူလိုင်လ(၁၅) ရက်နေ့မှ ဩဂုတ်လ (၁၃) ရက်နေ့ အထိ ပထမအကြိမ်ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး စက်ချုပ်လုပ်ငန်းအား ကျွမ်းကျင်စွာတတ်မြောက်နိုင်စေရန် အတွက် ယခု ဒုတိယအကြိမ် မွမ်းမံ စက်ချုပ်နည်းပညာသင်တန်းအား  သြဂုတ်လ (၂၁) ရက်နေ့မှ စက်တင်ဘာလ (၄) ရက်နေ့အထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး  သင်တန်းကာလပြီးဆုံးပါက သင်တန်းတွင် ထူးချွန်ပြီး အမှန် တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့်သူများအား ရွေးချယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများအား သုံးစွဲခွင့် ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm