Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြေပုံမြို့နယ်သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်


08 Aug,2022

မြေပုံ၊ ဩဂုတ် ၈

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၁-၂၀၂၂  ခုနှစ် (၆)လတာ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ဖွဲ့စည်းရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်ဒါရိုက်တာများ၊ အသင်းဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားပထမပိုင်းတွင် သဘာပတိအဖြစ် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မြင့်က ဆောင်ရွက်ခဲ့သည်။ ထို့နောက် သဘာပတိနှင့် ပြည်နယ်ဖွဲ့စည်းရေးကော်မတီတို့မှ အမှာစကား ပြောကြားခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လတာ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို အတွင်းရေးမှူး  ဦးအောင်မြင့်ကလည်းကောင်း၊ စာရင်းစစ်အစီရင်ခံစာကို ဒါရိုက်တာ အဖွဲ့ဝင် ဦးတင်ချိုဝင်းကလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြပြီး တက်ရောက်လာကြသော အသင်းဝင်ကိုယ်စားလှယ်များ၏ သဘောတူညီချက်ရယူကာ၊ အတည်ပြုပြီး သက်တမ်းပြည့်ပြီးဖြစ်သော အမှုဆောင်အဖွဲ့က နုတ်ထွက်ခဲ့ကြသည်။

အခမ်းအနားဒုတိယပိုင်းကို ပြည်နယ်ဖွဲ့စည်းရေးကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက်ဆောင်ရွက်ရာ သဘာပတိအဖြစ် ဦးသိန်းထွန်းအောင်နှင့် အခမ်းအနားမှူးအဖြစ် ဦးဖုန်းမြတ်လင်းတို့က ဆောင်ရွက်ပြီး အမှုဆောင်အဖွဲ့အသစ်ကို အဆိုပြုခြင်း၊ ထောက်ခံခြင်းများဖြင့် ရွေးချယ်ဆောင်ရွက် ခဲ့သည်။ ထို့နောက် အမှုဆောင်သစ်အဖွဲ့ တာဝန်ခွဲဝေပြီး၊ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူ ပြီးနောက် ဥက္ကဋ္ဌသစ်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm