နေပြည်တော် သြဂုတ် ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် သက်ဆိုင် ရာ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၂၀ရက်နေ့ နေ့လယ်ပိုင်းက မကွေးတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဦးစီးဌာနရှိ အင်ဂျင်နီယာဝန်ထမ်းများ စွမ်းဆောင် ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်လျက်ရှိသည့် အင်ဂျင်နီယာမွမ်းမံ သင်တန်း ဖွင့်လှစ်ပို့ချနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများသည် အင်ဂျင်နီယာမွမ်းမံသင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသားများ နှင့် တွေ့ဆုံရာ အမြဲတမ်းအတွင်းဝန်က သင်တန်းသားသင်တန်းသူများ အနေဖြင့် အင်ဂျင်နီယာ စွမ်းပကား ဖြင့် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ဝန်ထမ်းကျင့်ဝတ် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ နှင့်အညီ လိုက်နာနေထိုင်ကြရန်၊ မိမိလုပ်ငန်းတာဝန်များကို စေတနာထား လုပ်ဆောင်ကြရန်၊ အင်ဂျင်နီယာဝန်ထမ်းများဖြစ်သည့်အတွက် အင်ဂျင်နီယာကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်သုံးကြရန်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြ ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
အဆိုပါ အင်ဂျင်နီယာမွမ်းမံသင်တန်းတွင် DCP Test , Plate Bearing Test, Sand Cone Test, လမ်းဒီဇိုင်းပေါ်မူတည်၍ ခန့်မှန်းခြေစာရင်းတွက်ချက်ခြင်း၊ Survey တိုင်းတာရန် Total Station အသုံးပြုနည်း၊ AutoCad Civil 3D Software ဖြင့်လမ်းလွှာပုံစံထုတ်ခြင်း အစရှိသည့် သင်ခန်းစာများအားစာတွေ့လက်တွေ့များဖြင့် ကျွမ်းကျင်သင်တန်းနည်းပြများက ယခုလ ၁၉ ရက်နေ့ မှ ၂၅ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူအင်ဂျင်နီယာဝန်ထမ်း(၂၀)ဦးအား သင်ကြားပို့ချပေး လျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများသည် မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန (၄)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံရာ အမြဲတမ်းအတွင်းဝန်က မိမိတို့ဝန်ထမ်းများအနေဖြင့် ဝန်ကြီး ဌာနနှင့် ဦးစီးဌာနတို့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များကို သေချာစွာ သိရှိပြီး လုပ်ငန်း များဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်း ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာနေထိုင်ကြရန် လိုအပ်ကြောင်း၊ ဦးစီးဌာန အချင်းချင်း အချိတ်အဆက်မိမိ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများတင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။