မော်လမြိုင် ဩဂုတ် ၂၀
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြင့် ဆောင်ရွက်ခဲ့သည့် ချောင်းဆုံမြို့နယ် ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်း ကတ္တရာလမ်းခင်းခြင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ပြည်နယ်(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိန်မြတောင်ဘုန်းကြီးကျောင်း အဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဩဂုတ် ၁၈ ရက်က သွားရောက် စစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေး
ထိုသို့စစ်ဆေးရာတွင် မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးလှမျိုးဝင်းနှင့် တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှပတ်သက်၍ရှင်းလင်းတင်ပြကြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။