ကော့သောင်း ဩဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(မြစိမ်းရောင်စီမံကိန်း) သမဝါယမကဏ္ဍမှ ကော့သောင်း မြို့နယ်အတွင်း ရာဘာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများထံသို့ (ဒုတိယအကြိမ်) ပံ့ပိုးငွေများ ပေးအပ်ခြင်းကို ဩဂုတ် ၂၀ ရက်က အဆိုပါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းအောင်နှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ စိုင်ဒင်း(စံပြ)ကျေးရွာရှိ ရွှေဖြူသစ္စာရာဘာ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသူ၊ အသင်းသားတောင်သူ(၁၉)ဦးထံသို့ ရာဘာစိုက်ပျိုးမှု ဧကအလိုက် ရာဘာစိုက်ပျိုးပံ့ပိုးငွေကျပ်သန်း(၂၅၀)ကို အသင်းသူ၊ အသင်းသား တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက “တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ရာဘာစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် တောင်သူများ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ပံ့ပိုးငွေများထုတ်ပေးခြင်းဖြစ်ပြီး စိုက်ပျိုးတောင်သူများအနေဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း” လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။