ကျောက်ပန်းတောင်း မြို့နယ် နှစ်ကျပ်ခွဲ ကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
ကျောက်ပန်းတောင်း ဩဂုတ် ၂၁
မန္တလေးတိုင်းဒေဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ထောက်ပံ့(ယူနီဆက်)ရန်ပုံငွေ ဖြင့် ယနှစ်ကျပ်ခွဲ ကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဩဂုတ်လ ၂၀ ရက်နေ့ နေ့လည် ၁ နာရီ က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် လုပ်ငန်း အရည်းအသွေးစစ်ဆေးရေး အဖွဲ့ ဥက္ကဌ၊ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးသက်
(လက်ထောက်ညွှန်ကြားရေးမှူး)
ထံမှသိရှိရကြောင်း နှင့် တာဝန်ရှိသူများက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ နှစ်ကျပ်ခွဲ ကျေးရွာ၌ စက်ရေတွင်း ရေရရှိရေး 11 KW ရှိသော ဆိုလာနစ်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ် လုပ်ငန်း အရည်းအသွေးစစ်ဆေးရေး အဖွဲ့ ဥက္ကဌက သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
နှစ်ကျပ်ခွဲ ကျေးရွာ၌ အဆိုပါ ဆိုလာစနစ်သုံးရေရရှိရေးလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်၊ နိုင်ငံတော်ထောက်ပံ့(ယူနီဆက်)ရန်ပုံငွေ ၁၉ ဒသမ ၇၇ သန်း၊ ပြည်သူထည့်ဝင်ငွေ ၆ ဒသမ ၂၃ ကျပ်သန်း ၊ စုစာပေါင်း ၂၆ ကျပ်သန်း အသုံးပြုပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ တာဝန်ယူ၍ ဩဂုတ်လ ၁ ရက် နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပါက နှစ်ကျပ်ခွဲ ကျေးရွာရှိ အိမ်ခြေ ၈၃၁ အိမ်၊ လူဦးရေ ၃၉၄၃ ဦးအား အိမ်တိုင်ရာရောက် ရေပေးဝေစနစ်ဖြင့် အချိန်ပြည့် ရေပေးဝေနိုင်မည် ဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို.နယ်ဦးစီးမှူး ဒေါ်အေးအေးသက်(လက်ထောက်ညွှန်ကြားရေးမှူး)ထံမှ သိရသည်၊၊
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။