Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြို့ပင်ကောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်


19 Aug,2024

ကြို့ပင်ကောက် ဩဂုတ် ၁၉

          ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမည့် သမဝါယမ အသင်းသားတောင်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး၊ အချိန်မီထွန်ယက်စိုက်ပျိုးပြီး စိုက်ပျိုး သီးနှံအထွက်တိုးကာ ဈေးကောင်းရရှိစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုဓာတ်မြေဩဇာများအား မိုးစပါး စိုက်ပျိုးမည့် သမဝါယမအသင်း ၉ သင်းဖြစ်သည့် ပန်းဘဲတန်းစိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းမှ အသင်းသား ၂၂ ဦး၏ စိုက်ဧက ၁၂၃ ဧကအတွက် တန်ဖိုးငွေကျပ် ၂၄.၆ သန်း၊ တူးကံစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၁၆ ဦး၏ စိုက်ဧက ၅၆ ဧကအတွက် တန်ဖိုးငွေကျပ် ၁၁.၂ သန်း၊ ဂုမ္မကွင်းစိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းမှ အသင်းသား ၃၂ ဦး၏ စိုက်ဧက ၁၅၅ ဧကအတွက် တန်ဖိုးငွေကျပ် ၃၁ သန်း၊ ရွာသာကုန်း စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း မှ အသင်းသား ၄၄ ဦး၏ စိုက်ဧက ၃၁၈ ဧက အတွက် တန်ဖိုးငွေကျပ် ၆၃.၆ သန်း၊ ဒေါင်းလူး စိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းမှ အသင်းသား ၂၃ ဦး၏ စိုက်ဧက ၂၃၃ ဧကအတွက် တန်ဖိုးငွေကျပ် ၄၆.၆ သန်း၊ ဘုကြီးစိုက်ပျိုး ရေးနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသား ၃၇ ဦး၏ စိုက်ဧက ၁၆၀ ဧကအတွက် တန်ဖိုးငွေကျပ် ၃၂ သန်း၊ ကျခတ္တန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၁၉ ဦး ၏ စိုက်ဧက ၆၅ ဧကအတွက် တန်ဖိုးငွေကျပ် ၁၃ သန်း၊ ပေပင်ခုံ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၈ ဦး ၏ စိုက်ဧက ၆၆ ဧကအတွက် တန်ဖိုးငွေကျပ် ၁၃.၂ သန်း၊ ကျွန်းသာယာ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသား၁၄ ဦး ၏ စိုက်ဧက ၇၄ ဧကအတွက် တန်ဖိုးငွေကျပ် ၁၄.၈ သန်း၊ စုစုပေါင်း အသင်းသား ၂၁၅ ဦး၏ စိုက်ဧက ၁၂၅၀ ဧကအတွက် တန်ဖိုးငွေကျပ်သန်း ၂၅၀ နှင့်ညီမျှသော သွင်းအားစုဓာတ်မြေဩဇာများအား အသင်းသားများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm