Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ သုံးထပ်ပင်မ အဆောက်အဦရှေ့မျက်နှာစာနိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း


20 Aug,2024

(၁၉-၈-၂၀၂၄, တနင်္လာနေ့)

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် ဦးဆောင်သော အဖွဲ့ဝင်များသည် (၁၉-၈-၂၀၂၄) ရက်နေ့ နံနက်(၁ဝး၃၀)နာရီတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ လာရောက်ခဲ့ပြီး ပါမောက္ခချုပ်ဆရာမကြီး‌ ဒေါက်တာမို့မို့ရီဦးဆောင်သည့် တက္ကသိုလ်ဘက်မှ တာဝန်ရှိသူများတို့မှကြိုဆိုခဲ့ကြပြီး တက္ကသိုလ် Conference Room  ၌ တွေ့ဆုံခဲ့ကြပါသည်။ 

ထိုတွေ့ဆုံပွဲ အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး (စိုက်ပျိုးရေးဦးစီးဌာန)၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး (စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့)၊ တိုင်းအဆင့်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လိုက်ပါလာကြသည့်တာဝန်ရှိသူများ၊ တက္ကသိုလ်ဘက်မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဦးဝင်းနိုင်ထွန်း(ဒုတိယပါမောက္ခချုပ် (စီမံ))၊‌ ဒေါက်တာဥမ္မာစံ(ဒုတိယပါမောက္ခချုပ်(သင်ကြား))၊ သင်ကြားရေးဌာနများမှ ပါမောက္ခ/တွဲဖက်ပါမောက္ခ /ကထိက   (ဌာနမှူး)များ၊ စီမံ/သင်တန်း/သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများ၏ ဌာနမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ဝန်ကြီးချုပ်ဉီးမြတ်ကျော်မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး တက္ကသိုလ်၏ ပင်မဆောင်ရှေ့မျက်နှာစာ နိုင်လွန်ကတ္တရာခင်းကျင်းခြင်း ဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်း၍ မိမိအနေဖြင့် တက္ကသိုလ်ကျောင်းဝန်းတစ်ခုလုံးကို နိုင်လွန်ကတ္တရာအပြည့်ခင်းကျင်း ဆောင်ရွက်ပေးလိုပါကြောင်း၊ ယခုတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တက္ကသိုလ်ပင်မ အဆောက်အဉီအရှေ့ဘက်ပိုင်းကိုတွက်ချက်ပြီးအကုန်အကျခံ၍ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုမိန့်ဖြင့် ငွေကျပ်သိန်းလေးထောင်ကျော်ကျခံဆောင်ရွက်ထားသော (၂၄)နာရီ လျှပ်စစ်မီးရရှိနိုင်ရေးအစီအစဉ်တွင်လည်း ဤတက္ကသိုလ်အားထည့်သွင်းဆောင်ရွက်‌ပေးထားပါကြောင်း၊ ဤတက္ကသိုလ်မှာ အခြားတက္ကသိုလ်များနှင့်မတူဘဲ ရှေ့ပြေးတက္ကသိုလ်အနေအထားဖြစ်သဖြင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးသွယ်တန်းခြင်းကို အဆင့်မြှင့်စီစဉ်ဆောင်ရွက်‌ပေးထားပါကြောင်း၊ ဤတက္ကသိုလ်၏ ထူးချွန်သောလုပ်ဆောင်ချက်များကြောင့် ကောင်းမွန်‌‌သောတိုးတက်ခြင်းများနှင့် ကောင်းမွန်သောဂုဏ်သတင်းများကိုကြားရပြီး ဆက်လက်ထိန်းသိမ်းကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးစသည့် အခန်းကဏ္ဍအားလုံးတွင် ဆောင်ရွက်ပေးနိုင်သမျှတို့အား  တတ်နိုင်သမျှ စီမံဆောင်ရွက်ပေးနေပါ‌ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ တက္ကသိုလ်သို့ လာရောက်ကြသည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အတွင်းရေးမှူးနှင့် တိုင်း‌ဒေသဒေးအဆင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက် ပြောကြားခဲ့ ပါသည်။ 

ထို့နောက် စစ်ကိုင်းမြို့ပေါ်တွင် တက္ကသိုလ်များစွာရှိသည့်အနက် နိုင်လွန်ကတ္ကတရာ ခင်းကျင်းဆောင်ရွက်ခြင်းကို မိမိတို့တက္ကသိုလ်အား ဉီးစွာဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ နိုင်လွန်ကတ္တရာခင်းခြင်းကို  ၆-၇-၂၀၂၄ နှင့် ၇-၇-၂၀၂၄ ရက်နေ့များတွင် ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်ဝန်းအတွင်းရှိ  အားကစားခန်းမသွားလမ်းမှစ၍လမ်းအရှည် ၁၇၂၁ ပေ ရှိသည့်အနက် ၆၉၄ ပေ ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ဆောင်ရွက်ရန်ကျန်သည့်လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း၊ လျှပ်စစ်ဓာတ်အား ၂၄ နာရီ အပြည့်ရရှိရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် တက္ကသိုလ်မိသားစုဝင်များက ဝမ်းသာလျက်ရှိပါကြောင်း၊ တက္ကသိုလ်အနေဖြင့် သက်တမ်း(၁၃)နှစ်ကာလတွင် အထူးပြုဘာသာရပ်ကြီး(၅)ခုဖြင့် စီးပွားရေးဆိုင်ရာဘွဲ့များ ပေးအပ်နိုင်ခဲ့ပြီး ယခုအခါ Master Degree အထိ တိုးချဲ့သင်ကြားလျက်ရှိကြောင်း ၊ HRD Programme ဖြစ်သော MPA,MBA,MARသင်တန်းများကို ONLINE LMS SYSTEM အသုံးပြု ဖွင့်လှစ်လျက်ရှိရာ ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ရည်ရွယ်ချက်များဖြင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ တက္ကသိုလ်များအလယ်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) အနေဖြင့် ဂုဏ်ရှိန်မြင့်စွာ ကောင်းသောဂုဏ်သတင်းများဖြင့် ဆက်လက်ရပ်တည်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းကြိုးစားလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီမှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အတွင်းရေးမှူး၊ တိုင်းအဆင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး အခမ်းအနားပထမပိုင်းကို ပြီးမြောက်ခဲ့ပါသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များနှင့် တက္ကသိုလ်မှ တာဝန်ရှိသူများက  မှတ်တမ်းတင် အမှတ်တရဓါတ်ပုံရိုက်ကူးကြပါသည်။ 

၎င်းနောက်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ပြီးစီးသည့် နိုင်လွန်ကတ္တရာခင်းကျင်းမှုများအား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူမှ ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm