Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံဖြူဇရပ်မြို့နယ် အမြင်သစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနား ကျင်းပ


16 Aug,2024

သံဖြူဇရပ် သြဂုတ် ၁၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အမြင်သစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို သြဂုတ် ၁၄ ရက် က မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးစံသောင်းနှင့် အသင်းသား/ အသင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် အမြင်သစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဦးအုန်းမြင့်က ဆောင်ရွက်ပြီး၊ မြိုနယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးစံသောင်းက မြို့နယ်သမဝါယမအသင်းစု၏ တိုးတက်အောင်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြော ကြားခဲ့သည်။ ဆက်လက်၍ ဘဏ္ဍာရေးရှင်းတမ်းအား အတွင်းရေးမှူး ဦးဟိန်းလင်းအောင်က ရှင်းလင်းဖတ်ကြားပြီး၊ သဘာပတိက တက်ရောက်လာသော အသင်းသား/အသင်းသူများထံမှ အတည်ပြုချက်ရယူသည်။ ထို့နောက် သဘာပတိမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm