ပေါက်ခေါင်း ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင်ငွေကျပ်(၂)သိန်းနှုန်းဖြင့် ညီမျှသောသွင်းအားစုများအား အခြေခံသမဝါယမအသင်း(၈)သင်း၊ အသင်းသား(၁၈၀)ဦး၏ မိုးစပါးစိုက်ဧက(၁၂၀၀)အတွက် ငွေကျပ်သိန်း (၂၄၀၀)အား ပံ့ပိုးပေးခဲ့သည်။
ဆင်ဖြူကန်ကျေးရွာအုပ်စု စန်းသော်တာ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးခင်မောင်ချင်း၏ မိုးစပါးစိုက်ခင်းမှ ရက်(၉၀)စပါးမျိုး စိုက်ပျိုးထားရှိမှု အား ဩဂုတ် ၁၅ ရက်က မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။