Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြီးမှုကြောင့် ပြိုကျပျက်စီးခဲ့သော တံတားနှင့်လမ်းတာပေါင်ပျက်စီးမှု ကွင်းဆင်းစစ်ဆေး


15 Aug,2024

ပဲခူး ဩဂုတ် ၁၄

     ပဲခူးခရိုင်အတွင်းရေကြီးမှုကြောင့် ပျက်စီးခဲ့သော ဘောနတ်ကြီး- ကင်းချောင်းလမ်းပေါ်ရှိ ကင်းချောင်း တံတားနှင့် ဘောနတ်ကြီး-ကင်းချောင်းလမ်းအပိုင်းတစ်ပိုင်း၊ မြစ်ကျိုး-ဆင်ရွာလမ်း အပိုင်းငါးပိုင်း၊ ဖအောင်ဝဲ-သုံးခွလမ်းအပိုင်းသုံးပိုင်း၊ ရေလွှဲ-ဆားကျင်းလမ်းအပိုင်း နှစ်ပိုင်းတို့၏ လမ်းတာပေါင်ပျက်စီးမှုများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကျော်လူ နှင့် ဌာနတာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၃ ရက်နှင့် ၁၄ရက်တို့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။ 

     ဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်ဦးထွန်းဝေနှင့်အဖွဲ့သည် ပဲခူးမြို့နယ် ဘောနတ်ကြီး-ကင်းချောင်း လမ်းပေါ်ရှိ ရေကျော်ရေတိုက်စားခြင်းကြောင့် ပြိုကျပျက်စီးသွားသော ကင်းချောင်း တံတားအား အရေးပေါ်ဘေလီသံပေါင်တံတား ပေ ၅၀ လုပ်ငန်းကို ပဲခူးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သြဂုတ်၁၀ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုနှင့် ဘောနတ်ကြီး-ကင်းချောင်း လမ်းအပိုင်းတစ်ပိုင်းနှင့် ဝေါမြို့နယ်ရှိ မြစ်ကျိုး-ဆင်ရွာလမ်းအပိုင်းငါးပိုင်း ပျက်စီးနေမှု အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

     ထို့နောက် ဒိုက်ဦးမြို့နယ်ရှိ ဖအောင်ဝဲ-သုံးခွ လမ်းအပိုင်း သုံးပိုင်း နှင့် ရေလွှဲ-ဆားကျင်းလမ်းအပိုင်း နှစ်ပိုင်း တို့၏ လမ်းတာပေါင်ပျက်စီးမှုကို ကွင်းဆင်းစစ်ဆေးပြီး တာဝန်ရှိသူများက လမ်းကြောင်းပြတ်တောက် မှုမရှိစေရန်အတွက် ရေပြန်လည်ကျဆင်းပါက မြေသားတာပေါင်များဖို့ရန်နှင့် လိုအပ်သောနေရာများတွင် ဘေလီတံထားထိုးရန် မှာကြားခဲ့ကြောင်သိရသည်။                                                                                               

သက်ထက်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm